Home » 

Google Play မှ App များကို မျှဝေခြင်းနှင့် Wishlist ထဲသို့ ယာယီ ထည့်သွင်းခြင်း

By: 

ရဲထွဋ်ဝင်း

အခုနည်းကတော့ Google Play ကနေတစ်ဆင့် မိမိနှစ်သက် သဘောကျတဲ့ App ကို ဆိုရှယ်မီဒီယာပေါ်ကို တိုက်ရိုက်မှမျှဝေတဲ့ နည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်အနေနဲ့ လောလောဆယ် ဖုန်းဘေလ် နည်းပါးနေတဲ့အတွက် App ကို ချက်ချင်း Download မလုပ်နိုင်သေးပါက Google Wishlist ထဲ ယာယီထည့်သွင်းတဲ့ နည်းတွေအပြင် Wishlist ထဲကနေ ပြန်လည် ရယူနည်းတွေ ဖြစ်ပါတယ်။ ဒီနည်းက PlayStore မှာရှိတဲ့ ထောင်ပေါင်းများစွာသော App တွေထဲက မိမိလိုချင်တဲ့ App ကို ပြန်လည်ရှာဖွေ စရာမလိုဘဲ တွေ့တဲ့အချိန်မှာပဲ Wishlist ထဲကို ထည့်သွင်းပြီး Download ပြုလုပ်ချင်တဲ့ App တွေကို အလွယ်တကူ စုစည်းထားနိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံး Google Play icon ကို ဖွင့်လိုက်ပါ။ (PlayStore ကို အသုံးပြုတာ ဖြစ်တဲ့အတွက် ဖုန်းမှာ အင်တာနက် စနစ်ကို ဖွင့်ထားရမှာ ဖြစ်ပါတယ်။

PlayStore ပွင့်လာရင်တော့ ဘယ်ဘက်အပေါ် ထောင့်နားက မျဉ်းကြောင်း ၃ ခုတန်းနေတဲ့ menu icon ကိုနှိပ်ပါ။

  

ပြီးရင်တော့ My apps ဆိုတာကို နှိပ်လိုက်ပါ။

My apps စနစ်ထဲ ရောက်သွားရင်တော့ ဖုန်းမြင်ကွင်းကိုအပေါ် အောက်ဆွဲကြည့်ပြီး မိမိမျှဝေလိုတဲ့ App ကို ရှာလိုက်ပါ။

  

ပြီးရင်တော့ ကိုယ်မျှဝေမယ့် App ကို နှိပ်လိုက်ပါ။ ဥပမာ- Google Duo ကို ပြထားပါတယ်။

ပြီးရင်တော့ ဖုန်းမြင်ကွင်းကို ပေါ်ကို တစ်ချက်ပွတ်ဆွဲလိုက်ပါ။

  

စာသားတွေ အဆုံးအောက် ဖက်နားမှာ Share icon ကိုလေး တွေ့ရမှာပါ။ App ကို မျှဝေဖို့အ တွက် Share icon ကို တစ်ချက် နှိပ်လိုက်ပါ။

အဲဒီနောက်မှတော့ ကိုယ်က App ကို မျှဝေချင်တဲ့ လူမှုမီဒီယာကို ရွေးပေးပါ။ ဥပမာ - Tweeter

  

ဒါဆိုရင်တော့ Tweeter ထဲကို ရောက်သွားမှာဖြစ်ပြီး ကိုယ့် အနေနဲ့ မျှဝေချင်တာကို Tweet လုပ်ပြီး မျှဝေနိုင်ပြီ ဖြစ်ပါတယ်။

ဆက်လက်ပြီး Goole Play Wishlist ထဲမှာ App တွေကို ယာ ယီထည့်သွင်းသိမ်း ဆည်းတာကို ဆက်လက်ဖော်ပြ ပေးမှာဖြစ်ပါတယ်။ အရင်ဆုံး ကိုယ်က Wishlist ထဲကို ထည့်ချင်တဲ့ App ကို PlayStore မှာ ရှာလိုက်ပါ။ ပြီးရင်တော့ ဘေးနားက [ + ] သင်္ကေတလေးကို နှိပ်လိုက်ပါ။

  

ဒါဆိုရင်တော့ ကိုယ်ထည့်လိုက်တဲ့ App ရဲ့ ဘေးနားမှာ အမှန်ချစ်လေးတွေ့ရမှာဖြစ်ပါတယ်။

Wishlist ထဲက App တွေကို ပြန်လည်ရယူဖို့ အတွက်ကတော့  ပုံ (၂) မှာ ပြထားသလိုဘဲ ဘယ်ဘက်ထောင့်နားက မျဉ်း ကြောင်း ၃ ခုတန်းနေတဲ့ menu icon ကိုနှိပ်ပါ။
PlayStore App ရဲ့ Menu စနစ်ပေါ်လာရင်တော့ ဖုန်းမြင်ကွင်းကို အပေါ်ကို တစ်ချက်ဆွဲ လိုက်ပါ။

  

Wishlist ဆိုတဲ့ စာသားကို တွေ့ရင် တစ်ချက်နှိပ်လိုက်ပါ။

Wishlist ကို နှိပ်လိုက်မယ်ဆို ရင်တော့ ကိုယ်က PlayStore မှာ ယာယီထည့် သွင်းသိမ်းဆည်းထား သမျှ App တွေကို တွေ့ရမှာဖြစ်ပါတယ်။

  

ဒီစနစ်က App တွေကို ခဏ ခဏပြန်လည် ရှာဖွေမှုကြောင့် မို ဘိုင်းဒေတာ ကုန်ကျမှုကို လျော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။