Home » 

Samsung မှ Galaxy A 2017 စမတ်ဖုန်းများကို မြန်မာပြည်ဈေးကွက်သို့ မိတ်ဆက်

By: 

အောင်သူ

Samsung မှ Galaxy A 2017 စမတ်ဖုန်းများဖြစ်သည့် ၅.၇ လက်မအရွယ် A7 နှင့် ၅.၂ လက်မအရွယ် A5 စမတ်ဖုန်းတွေကို မြန်မာပြည်ဈေးကွက်သို့ စတင်မိတ်ဆက်လိုက်ပါတယ်။ အရောင်တွေအနေနဲ့ အမည်းရောင်၊ ရွှေရောင်၊ အပြာရောင်၊ ပန်းရောင်ဆိုပြီး အရောင်လေးမျိုးရှိတဲ့အတွက် ကြိုက်နှစ်သက်ရာ အရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Galaxy A5 ကို ၅၂၅,ဝဝဝ ကျပ်၊ Galaxy A7 ကို ၆၂၅,ဝဝဝ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ဇန်နဝါရီ ၈ ရက်ကနေ ၂၂ ရက်အထိ ကြိုတင်မှာယူစနစ်နဲ့ မှာယူနိုင်မှာဖြစ်ပြီး 64GB micro SD card နဲ့ Type C Adapter တို့ကို လက်ဆောင်အနေနဲ့ ရရှိမှာဖြစ်ပါတယ်။