Home » 

Samsung Tech Institute: Mobile Application Training Roadshow ကို မြန်မာနိုင်ငံရှိ မြို့ကြီး ၄ မြို့တွင် ကျင်းပခဲ့

By: 

အောင်သူ

Samsung Myanmar မှ Samsung Tech Institute: Mobile Application Training Roadshow ကို ဒီဇင်ဘာလ ၁၉ ရက်မှ ၂၂ ရက်အထိ တောင်ငူ၊ မိတ္ထီလာ၊ မကွေး နှင့် ပြည်မြို့များရှိ ကွန်ပျူတာ တက္ကသိုလ်များတွင် လှည့်လည်ကျင်းပခဲ့သည်။

အဆိုပါ Roadshow တွင် Samsung Myanmar မှ တာဝန်ရှိသူများက သင်တန်း ပိုင်းဆိုင်ရာ အကြောင်းအရာများကို ဝေမျှခဲ့သလို ယခင်နှစ်များက ပါဝင်ယှဉ်ပြိုင်ပြီး ဆုရရှိခဲ့သော ကျောင်းသူ ကျောင်းသားများမှလည်း ၎င်းတို့၏ အတွေ့အကြုံများကို ဝေမျှခဲ့သည်။