Home » 

Train Conductor 2

Train Conductor 2 ဂိမ်းသည် ရထားများ တစ်စီးနှင့်တစ်စီး တိုက်ခိုက်မှုမဖြစ်ပေါ်စေရန်အတွက် လမ်းလွဲများကို ပြုလုပ်ပေးရမည့် ဂိမ်းဖြစ်သည်။

အဆိုပါ ဂိမ်းတွင် ကစားသူသည် ရထားလမ်းလွဲများအတွက် ရထားလမ်းများစွာကို တာဝန်ယူထားရမည်ဖြစ်ပြီး တိုက်ခိုက်မှုမဖြစ်စေရန် အမြန်ဆုံးလမ်းလွှဲ၍ လမ်းရှင်းပေးနိုင်ရမည် ဖြစ်သည်။

အဆိုပါ ဂိမ်းကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့်ရရှိမည် ဖြစ်သော်လည်း ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 7.0 နှင့် အထက်တွင် ထည့်သွင်း ကစားနိုင်မည့် ဂိမ်းဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Tags: