Home » 

Malwarebytes Anti-Malware for Mac

Malwarebytes ဆိုသည့် ဆော့ဖ်ဝဲသည် Mac OS အသုံးပြုထားသည့် ကွန်ပျူ တာအတွင်းတွင် malware နှင့် adware များ ဝင်ရောက်မှုကို ကာကွယ် တားဆီးပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ ကွန်ပျူ တာစနစ်အတွင်း ဝင်ရောက်လာနိုင်မည့် Malware များကို အမြဲစောင့်ကြည့်ပေးနေပြီး အလွယ်တကူ ဖယ်ရှားပေးနိုင်စေရန်အတွက် စီစဉ်ပေးထားသည်။

Download ပြုလုပ်လိုသူများအနေဖြင့် အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 5.7MB ခန့်သာ ရှိမည်ဖြစ်သည်။ Mac OS X 10.7 မှ 10.10 အထိ ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။
 

Tags: