Home » 

MacBook အသစ်တစ်လုံးမှာ ထည့်သွင်းထားသင့်တဲ့ app (၆) မျိုး

By: 

နောင်နောင်

အောက်ဖော်ပြပါ app (၆) မျိုးကတော့ MacBook အသစ်တစ်လုံး ဝယ်ယူပြီးတဲ့အခါ ထည့်သွင်းထားသင့်တဲ့ app များဖြစ်ပါတယ်။ ဒီ app တွေထဲမှာ text expander ကနေ word processor အထိ ပါဝင်ပြီး app တစ်မျိုးမှလွဲ၍ ကျန်အားလုံးကို အခမဲ့ရရှိနိုင်ပါတယ်။

aText

aText ကတော့ သုံးနေကျ စကားလုံးတွေနဲ့ အသုံးအနှုန်းတွေကို အတိုကောက်များ ဖန်တီးပေးနိုင်မယ့် ရိုးရှင်းတဲ့ text-expansion app တစ်ခုဖြစ်ပါတယ်။ ဥပမာအနေနဲ့ email လိပ်စာနေရာမှာ “@@” ကို အစားထိုးဖန်တီးထားနိုင်သလို “thank you” ကိုလည်း “ty” နဲ့ အစားထိုးနိုင်ပါတယ်။ ဒီလို စကားလုံး အသုံးအနှုန်းတွေနေရာမှာ ကီးဘုတ်အတိုကောက်တွေ ဖန်တီးပြီး အသုံးပြုတဲ့ အတွက်ကြောင့် အချိန်ကုန် သက်သာစေနိုင် ပါတယ်။

aText ကို ဒီကနေ ရယူပြီး အခမဲ့ ၁၄ ရက်သုံးနိုင်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ၄.၉၉ ဒေါ်လာ ပေးရပါမယ်။

Chrome

Chrome ဟာ Safari ထက် system resource ပိုမိုသုံးစွဲပေမယ့် လျင်မြန်တဲ့ စွမ်းဆောင်ရည်နဲ့ အလွယ်တကူသုံးနိုင်တဲ့ user interface တို့က Chrome ကိုသုံးရတာ ပိုကောင်းတယ်ဆိုတဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်ပါတယ်။

Chrome ကို ဒီကနေ အခမဲ့ ရယူနိုင်ပါတယ်။

Dropbox
Apple က iCloud Drive ကို ထောက်ပံ့ပေးထားတယ်ဆိုပေမယ့် iPhone နဲ့ Mac အကြား ဖိုင်တွေရွှေ့ပြောင်းတာနဲ့ Mac ကနေ အခြားထုတ်ကုန်များထံ ဖိုင်ဝေမျှတာမျိုးအတွက် Dropbox ကို အသုံးပြုသင့်ပါတယ်။ Dropbox app ဟာ Finder မှာ ပေါင်းစပ်ထည့်သွင်းပြီး အလျင်အမြန်သုံးနိုင်ဖို့အတွက် အသုံးတည့်တဲ့ menu bar icon တစ်ခုကို ထည့်သွင်းပေးပါတယ်။

Dropbox ကို ဒီနေရာကနေ အခမဲ့ ရယူနိုင်ပါတယ်။

Flux

iPhone မှာ Night Shift သုံးရတာကို နှစ်သက်တယ်ဆိုရင် Mac မှာလည်း Flux ကို သုံးနိုင်ပါတယ်။ Flux ဟာ Mac display ရဲ့ color temperature ကို ချိန်ညှိပေးပါတယ်။

Flux ကို ဒီကနေ အခမဲ့ရယူနိုင်ပါတယ်။

Itsycal

Itsycal ထက် ပိုမိုကောင်းမွန်တဲ့ calendar app တွေရှိပေမယ့် ရိုးရိုးရှင်းရှင်းအသုံးပြုလိုသူများအနေနဲ့ Itsycal ကို အသုံးပြုနိုင်ပါတယ်။ Itsycal ဟာ လက်ရှိနေ့စွဲကို ဖော်ပြဖို့အတွက် menu bar မှာ icon တစ်ခု ထည့်သွင်းပေးပါတယ်။ တစ်လတာအပြည့်အစုံ ကြည့်ချင်ရင် Itsycal icon ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဒါ့အပြင် Itsycal ဟာ MacOS stock Calendar app နဲ့ ချိတ်ဆက်ပေးပြီး upcoming appointment တွေကို ဖော်ပြပေးနိုင်ပါတယ်။

Itsycal ကို ဒီကနေ အခမဲ့ရယူ နိုင်ပါတယ်။

LibreOffice

Mac မှာ Microsoft Word docs တွေနဲ့ အလုပ်လုပ်မယ်ဆိုရင် LibreOffice ကို အသုံးပြုနိုင်ပါတယ်။ LibreOffice ကို အခမဲ့ ရရှိနိုင်ပြီး Word အတွက် သင့်လျော်တဲ့ အစားထိုး app တစ်ခုဖြစ်ပါတယ်။

LibreOffice ကို ဒီကနေ အခမဲ့ ရယူနိုင်ပါတယ်။

Ref: CNET