Home » 

Microsoft ရဲ့ ၂၀၁၆ ခုနှစ် ရှင်းတမ်း

By: 

ဦးသောင်းဝင်း (ပန်းချယ်ရီ)

၂၀၁၇ ခုနှစ်ကိုကြိုဆိုရင်း Microsoft ရဲ့ ၂၀၁၆ ခုနှစ် တစ်နှစ်ပတ်လုံး ကြိုးပမ်းဆောင်ရွက်မူတွေထဲက အောင်မြင်မှုနဲ့နိမ့်ပါးခဲ့မူများကို လေ့လာသုံးသပ်ကြည့် တဲ့အခါ အောင်မြင်မှုများရဲ့အခြေအနေက ပိုသာနေခဲ့တယ်။ ခရစ္စမတ်ကာလအတွင်း Microsoft ကိုယ်တိုင်က ယခုအခါ MackBook Pro သုံးသူများပင် Microsoft ရဲ့ Surface Pro ကွန်ပျူတာများကို ပြောင်းသုံးနေကြပြီလို့ ပြောဆို သွားတယ်။ ၂၀၁၆ ခုနှစ်ထုတ် MackBook Pro များနဲ့ Microsoft Surface Pro များနှိုင်းယှဉ်ကြည့်ရင် Surface Pro ကို လူကြိုက် ပိုများလာတယ်လို့ ကြွေးကြော်လိုက်တာလို့ ယူဆရတယ်။ ဒီအတွက် Apple အနေနဲ့ နောက်ထပ် ဈေးကွက်ချပေးမယ့် MacBook Pro အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေရတယ်လို့လည်း သိရတယ်။

တကယ်တော့ Microsoft အ နေနဲ့ ၂၀၁၆ ခုနှစ် တစ်နှစ်ပတ်လုံး ကြိုးပမ်းဆောင်ရွက်ခဲ့ရတဲ့ ကိစ္စတွေက အရင်နှစ်တွေကထက်ပို များနေတာ တွေ့ကြရပါလိမ့်မယ်။ မအောင်မြင်တဲ့ ကိစ္စတွေရှိခဲ့ရသ လို အောင်မြင်မှုတွေရခဲ့တဲ့ကိစ္စတွေလည်း ရှိခဲ့ပါတယ်။ ခေါင်းစဉ် တစ်ခုချင်း သုံးသပ်လေ့လာကြည့် မယ်ဆိုရင် Microsoft ရဲ့ ၂၀၁၆ ခု နှစ်အတွက် ကြိုးပမ်းမှုတွေက ကျေနပ်စရာကောင်းလှတယ်။ အသုံး ပြုသူများကလည်း Microsoft ရဲ့ ကြိုးပမ်းမှုတွေကို ကျေးဇူးတင်ကြ မှာဖြစ်တယ်။ Microsoft ရဲ့ ကြိုးပမ်းဆောင် ရွက်ချက်တွေထဲမှာ Windows ပရိသတ်အများစုက အကြိုက်ဆုံးလို့ပြောနိုင်တာက Windows 10 Anniversary Update ဖြစ်တယ်။ အင်္ဂါရပ်သစ် (New Features) ပေါင်း ၁၅ ခုလောက်ပါရှိတယ်။ ပထမဆုံး တရားဝင်ထုတ်ပေးတဲ့ update လို့ဆိုရပါမယ်။ Windows 7 တို့၊ Windows 8 နဲ့ 8.1 တို့အသုံးပြုနေသူများအတွက် Windows 10 ကို Upgrade လုပ်ဖို့ အခမဲ့ခွင့်ပြုခဲ့သလို Anniversary Update ကိုလည်း အခမဲ့သုံးစွဲခွင့် ပေးခဲ့တယ်။ Start Menu ကို အပြောင်းအလဲလုပ်ပေးတယ်။ အပျံ
စား taskbar လေးတစ်ခုအဖြစ်အသွင်ပြောင်းပေးတယ်။ Micro-soft ရဲ့ Edge Browser ကို တိုးချဲ့ပံ့ပိုးမှုတွေ ပြုလုပ်ပေးတယ်။ ဒီနေ့ခေတ်သစ် browsers တွေထဲက chrome တို့၊ firefox တို့၊ Safari တို့အပါအဝင် browser တချို့က third-party-add-ons တို့၊ security risks အတွက် enten-sions တို့ပေးသလို browser extension တွေကို ပေးလိုက်တာ ဖြစ်တယ်။ AdBlock တို့၊ Pin-terest Pin It Button တို့၊ Ever-note တို့လို အသုံးဝင်လှတဲ့ တိုးချဲ့ပံ့ပိုးမှုတွေ ပေးလိုက်တာဖြစ်တယ်။

Windows 10 အနေနဲ့ stylus လို pen အသုံးပြုသူများအတွက် Windows Ink ကို အသုံးချနိုင်စေခဲ့တယ်။ စပယ်ရှယ်လုပ်ကိုင်ဖို့ နေရာလေးနဲ့ အသုံးချနိုင်တာဖြစ် တယ်။ နောက်တစ်ခုကတော့ Cortana ကို အဆင်ပြေပြေအသုံးချနိုင်ဖို့ Lock Screen ပေါ်တင်ပေးလိုက်တယ်။ Hello, Cortana လို့နှုတ်နဲ့ ပြောဆိုလိုက်လို့ဖြစ်ဖြစ်၊ Cortana icon ကို နှိပ်လိုက်လို့ဖြစ်ဖြစ် အသုံးချခွင့်ရသွားစေတယ်။ လုံခြုံရေးစနစ်အတွက် ထိန်းချုပ်ပေးတဲ့ facial recognition တို့၊ fingerprint တို့၊ iris scan တို့အသုံးပြုနိုင်ဖို့ Windows Hello ဆိုတာကို ပေးလိုက်တယ်။ Windows Apps တွေနဲ့ Website နဲ့ အလုပ်လုပ်တဲ့အခါ အသုံးဝင်လှပါတယ်။

Xbox Play Anywhere ဆို တာကတော့ Xbox နဲ့ Windows 10 ပီစီကွန်ပျူတာတို့ အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်ဖို့ဖြစ်တယ်။ Windows Defender ဆိုတဲ့ အင်္ဂါရပ်ကလည်း မလိုတမာ ဆော့ဖ်ဝဲပရိုဂရမ်တွေကို တားဆီးပေးဖို့ အပိုဆောင်းလိုင်းတစ်လိုင်း ကိုရယူနိုင်စေတယ်။ Windows Defender Advanced Threat Protection လို့အမည်ပေးထားတယ်။ Windows 10 Anniversary Update အနေနဲ့ Action Center ကို ပိုပြီးအသုံးဝင်နိုင်စေဖို့ ဖြည့် ဆည်းပံ့ပိုးမှု ထည့်သွင်း ပါရှိလာပါသေးတယ်။ အသုံးပြုသူအတွက် လုပ်ငန်းလုပ်ကိုင်နေစဉ် ပိုမိုသိသာ ထင်ရှားပြီး အလေးထားနိုင်မယ့် Dark Theme ဆိုတဲ့ အင်္ဂါရပ်လည်း ပါရှိတယ်။ လူငယ်တွေ အကြိုက်ဖြစ်စေမယ့် emojis အသစ်တွေကိုလည်း ဒီဇိုင်းသစ်တွေနဲ့အတူ အသုံးပြုခွင့်ရမှာဖြစ်တယ်။ နှစ်သက်စရာ အကောင်းဆုံးကတော့ Oper-source OS တွေနဲ့အတူ လိုက် လျောညီထွေအသုံးပြုနိုင်ဖို့ ကြိုးစားဆောင်ရွက်ခဲ့တာဖြစ်တယ်။

Microsoft အနေနဲ့ Qualcomm နဲ့ ပါတနာပြုလုပ်ခဲ့တဲ့ကြိုးပမ်းမှုကလည်း စိတ်ဝင်စားစရာ ကောင်းလှတယ်။ ပါဝါအင်အားနိမ့်တဲ့ Low- end PCs ကွန်ပျူတာတွေမှာ Windows 10 ကို အဆင်ပြေပြေ အသုံးချခွင့် ရသွားတယ်။ ARM Hardware ပေါ်မှာ Win 32 Apps တွေတင် သုံးတဲ့အရည်အချင်းကို မရရအောင် ကြိုးစားယူခဲ့ကြတယ်။
Microsoft က mojang ကို ဝယ်ယူခဲ့ပြီး တည်ဆောက်ဖန်တီးခဲ့တဲ့ Minecraft ဂိမ်းဆိုရင် ၂၀၁၄ ခုနှစ်က ဒေါ်လာငွေ ၂ ဘီလီယံလောက်ရခဲ့တယ်။ ဒါကို ထပ်ဆင့်ပြီး Minecraft Education Center ကို ၂၀၁၆ ခုနှစ်မှာ မြှင့်တင်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။

Microsoft ရဲ့ Skype ကိုလည်း ပိုမိုအသုံးချနိုင်ဖို့ Skype Translator ကို ဖန်ဆင်းပေးခဲ့တယ်။ Voice-to-voice translation လို့ခေါ်တဲ့ အင်္ဂါရပ်ဖြစ်တယ်။ ဘာသာစကား တစ်ခုကို နှုတ်နဲ့ပြောဆိုလိုက်တာနဲ့ လိုအပ်တဲ့ ဘာသာစကားကို အသံထွက်ပြီး ဘာသာပြန်ပေးတယ်။ လောလောဆယ် အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ အီတလီဘာသာ၊ မန်ဒရင်းတရုတ်ဘာသာ၊ ပေါ်တူကီ ဘာသာစကားတို့ကိုသာ လုပ်ကိုင်နိုင်ပါသေးတယ်။

၂၀၁၆ ခုနှစ်အတွင်း Microsoft က မိတ်ဆက်တင်ပြလိုက်တဲ့ Surface Hub ဆိုတဲ့ ၈၄ လက်မအရွယ်အစားရှိပြီး 4K အရည်အ သွေးနဲ့တင်ပြပေးနိုင်တဲ့ Microsoft
Surface Hub ကလည်း အောင်မြင်မှု အကြီးအကျယ် ရခဲ့ပါတယ်။ ဒေါ်လာ ၄၀၀၀ နဲ့သတ်မှတ်ရောင်းချပါမယ်လို့ကြေညာခဲ့တဲ့ Surface Studio ဆိုရင် လူကြိုက်များ လှတယ်။

Microsoft အနေနဲ့ ဒီလိုအောင်မြင်မှုတွေရခဲ့တာတွေ ရှိပေမယ့် ကြိုးစားအားထုတ်ပြီး စိတ်တိုင်းကျလောက်တဲ့အောင်မြင်မှုမျိုး မရခဲ့တာတွေလည်းရှိခဲ့ပါသေးတယ်။
Microsoft Windows 10 Anniversary Update နဲ့အတူ  Open Source Apps တွေကို အသုံးချနိုင်ဖို့ ဖြည့်ဆည်းပေးခဲ့တယ်ဆိုပေမယ့် ၂၀၁၆ ခုနှစ် နှစ်ကုန် ပိုင်းလောက်ရောက်မှသာ iOS Bridge တို့၊ Android Bridge တို့ကို ထုတ်ပေးနိုင်ခဲ့တယ်။ ကြိုးစားပမ်းစားနဲ့ ထုတ်လုပ်ရောင်းချခဲ့တဲ့ Microsoft Band အနေနဲ့ ဈေးကွက် ယှဉ်ပြိုင်မှုမှာ နိမ့်ပါးခဲ့တယ်လို့ယူဆရမှာ ဖြစ်တယ်။ ဘက်ထရီပါဝါသုံးစွဲနိုင်ခွင့်နိမ့်ပါးမှုနဲ့ ရေစိမ်ခံအဆင့်မဝင်မှုတို့ကြောင့်လို့ ဆိုရပါလိမ့်မယ်။ ဒီအတွက် Microsoft အနေနဲ့ Band 3 ကို အဆင့်မြှင့်တင် ထုတ်လုပ်ရတော့မှာ ဖြစ်တယ်။

အနာဂတ် AR (Augmented  Reality) အတွက်ဆိုပြီး ၂၀၁၅ ခု နှစ်ကကြွေးကြော်ထုတ်လုပ်ခဲ့တဲ့ Hololens ကို ၂၀၁၆ ခုနှစ်မှာ ဈေးကွက်ဝင်ဖို့ကြိုးစားခဲ့ပေမယ့် မျှော်လင့် သလောက် မအောင်မြင်ခဲ့ပေ။ Windows Holographic အတွက် တရုတ်တိုင်ပေ ကုမ္ပဏီများဖြစ်ကြတဲ့ Acer၊ ASUS တို့နဲ့ ပါတနာလုပ်ခါ ဈေးနှုန်းချိုသာတဲ့ head-mounted displays နဲ့ ပံ့ ပိုးပေးခဲ့တယ်။ အဓိကအားဖြင့် Microsoft ရဲ့ AR က ဈေးနှုန်းကြီးမြင့်နေတယ်။

အနာဂတ်အတွက် Windows 10 Mobile ကို မျှော်မှန်းဆောင်ရွက်ရင်း Acer Liquid Jade Primo တို့၊ Alcatel ရဲ့ Idols4s တို့၊ HP Elite X3 တို့နဲ့ ကြိုးစားမှုကလည်း ထင်သလောက်ခရီးမပေါက်ခဲ့ပေ။ Lumia ဖုန်းလိုင်းမှာလည်း နည်းပညာအနေနဲ့ ဝင့်ကြွားနိုင်ပေမယ့် ဈေးကွက်အောင်မြင်မှုမရှိခဲ့ပေ။ ဒီအတွက် Microsoft ရဲ့ ၂၀၁၆ ခုနှစ်ကြိုးပမ်းဆောင်ရွက်မှု ရှင်းတမ်းမှာ အောင်မြင်မှုက နိမ့်ပါးမှုထက် ပိုမိုများပြားခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့တဲ့အတွက် ရှင်းတမ်း ထုတ်တင်ပြလိုက်ရခြင်း ဖြစ်ပါတော့တယ်။