Home » 

Automation System များနှင့်ပတ်သက်၍ DigiNet International Co., LTD မှ ဒါရိုက်တာ ကိုအောင်မျိုးသန်းနှင့် တွေ့ဆုံခြင်း

ယနေ့ခေတ် ကမ္ဘာပေါ်မှာ နည်းပညာတွေဟာ အရှိန်အဟုန် နဲ့ တိုးတက်ပြောင်းလဲနေသလို လူသားတွေရဲ့ နေထိုင်မှုပုံစံတွေဟာလည်း ပြောင်းလဲလျက်ရှိပါတယ်။ ဆန်းသစ်လာတဲ့ နည်းပညာတွေကြောင့် ယခုအခါမှာ ကိုယ်ပိုင်အိမ်၊ ရုံးခန်း၊ အဆောက်အဦ၊ ဟိုတယ်၊ စက်ရုံတွေကို သက်သောင့်သက်သာနဲ့ တစ်နေရာတည်းကနေ ထိန်းချုပ်လို့ရတဲ့ နည်းပညာတွေ ပေါ်လာ ပြီဖြစ်ပါတယ်။ ဒီလိုနည်းပညာတွေနဲ့ ပတ်သက်ပြီး အင်တာနက်ဂျာနယ်က စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့အတွက် Automation System နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုတွေ ပေးနေတဲ့အမှတ် (၇၇)၊ ရန်ကုန်-အင်းစိန်လမ်းမကြီးမှာ ဖွင့်လှစ်ထားတဲ့ DigiNet International Co., LTD မှ  Director ကိုအောင်မျိုးသန်းနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

DigiNET Company က ဘယ်လိုမျိုးထုတ်ကုန်နဲ့ နည်းပညာတွေကို တင်သွင်းပြီး ဘယ်နိုင်ငံက အမှတ်တံဆိပ်တွေကို အဓိက ဖြန့်ဖြူးပါသလဲ။

အဓိကကတော့ ကျွန်တော်တို့ ကုမ္ပဏီက နိုင်ငံတကာမှာ လူသိများပြီး တွင်ကျယ်စွာ အသုံးပြုနေကြသော Brand တွေဖြစ်တဲ့  Home Automation အတွက် Smart G4 (USA), Building Automation အတွက် Quantum Automation (Singapore), Industrial Automation အတွက် Advantech (Taiwan) & Digital Advertising အတွက်  Omnitapps (Netherland) တို့ရဲ့ မြန်မာပြည်တွင်း ကိုယ်စားလှယ်အနေနဲ့ Automation and Control Products တွေကို ဖြန့်ချိရောင်း ချပေးရုံသာမက Customer တွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီးသက်သာတဲ့နှုန်းထားတွေနဲ့ အဆင်သင့်အသုံးပြုနိုင်သည်အထိ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။

DigiNET Company ကတင်သွင်းတဲ့ Solutions တွေကို ဘယ်လိုမျိုး နေရာတွေမှာ အသုံးပြုတာပါလဲ။

ဟုတ်ကဲ့ ကျွန်တော်တို့ DigiNET Company ရဲ့ Product တွေကို အဓိကအနေနဲ့ Building, Factory, Residential, Hotel, Condo, Office Building အစရှိတဲ့ အဆောက်အဦတစ်ခုလုံးရဲ့ Lighting, HVAC, CCTV, Fire Alarm, Card Access, Audio/Video Intercom System, Public Liftand Escalator, Public Address, Water Pump, Power Generator, Transformer& ElectricalPower Monitoring  အစရှိသော မတူညီတဲ့ နေရာတွေက ကွဲပြားခြားနားသော System အားလုံးကို Computer (သို့) Smart Phone တစ်လုံးနဲ့ ၂၄ နာရီမည်သည့်နေရာမှမဆို Monitoring & Controlling လိုအပ်သော ကမ္ဘာ့အဆင့်မီ Project များအတွက် အသုံးပြုနေပါတယ်။ ကျွန်တော်တို့ Company ရဲ့ Solution တွေထဲကမှ Smart Home System နဲ့ Building Management System တွေကတော့ လူကြိုက်များတဲ့ Solution တွေပဲ ဖြစ်ပါတယ်။

ဘာကြောင့် Home Automation System ကို ကြိုက်နှစ်သက်ရတာလဲဆိုတာ ပြောပြပေးပါခင်ဗျာ။

ဟုတ်ကဲ့၊ ကျွန်တော်တို့ရဲ့ Home Automation System ကို အဓိကကြိုက်နှစ်သက်စေတဲ့ အချက်တွေကတော့ မိသားစုနေထိုင်မှုဘ၀ တိုးတက်ပြီး လုံခြုံမှု အပြည့်အဝရရှိစေခြင်း၊ လစဉ်ပေးဆောင် ရသော မီတာခများ သက်သာသွားခြင်း၊ ပြု ပြင်ထိန်းသိမ်းစရိတ်များ သက်သာသွားခြင်း၊ ဓာတ်လိုက်ခြင်းနှင့် ဝါယာ Shock ဖြစ်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ အိမ်တွင်းရှိ အသုံးအဆောင်ပစ္စည်းများ ပိုမိုသက်တမ်းကြာရှည်ခံခြင်း၊ မိမိနေအိမ်ရဲ့ တန်ဖိုးကို မြင့်တက်စေခြင်း စတဲ့ အဓိကအချက်တွေကြောင့် ဖြစ်ပါတယ်။

DigiNet အနေနဲ့က ဘယ်လို Service ပိုင်းကို လုပ်ဆောင်ပေးတာလဲ။

ကျွန်တော်တို့ DigiNET ကုမ္ပဏီမှ အဆင့်မြင့် Hotel တွေ၊ လုံးချင်းအိမ်တွေ၊ Factory တွေနဲ့ Commercial Office Building Project တွေကို Real Estate Developer များ၊ Construction Contractors များ၊ Interior Designer များ၊ M&E and Lighting Contractor များ၊ Aircon Supplier များ၊ Building & Factory Owner တွေနဲ့ပူးပေါင်းပြီး သက်သာသောနှုန်းထားတွေနဲ့ အောင်မြင် စွာ လုပ်ကိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ DigiNET ကုမ္ပဏီရဲ့အထင်ကရ ပရောဂျက်များစွာထဲမှ Kempinski Hotel NayPyiTaw (National Guest House) Project ဟာ လူသိများထင်ရှားတဲ့ Project တစ်ခုဖြစ်ပါတယ်။ DigiNET ကုမ္ပဏီမှ တာဝန်ယူ တပ်ဆင်ပေးတဲ့ Automation System တွေကို နိုင်ငံတာကာ အတွေ့အကြုံရှိ အင်ဂျင်နီယာတွေက customer တွေဆီအရောက်  on-site survey ဆင်းပြီး စိတ်တိုင်းကျ တွက်ချက်ပေးခြင်း၊ ကုန်ကျ
စရိတ်သက်သာအောင် အကြံဉာဏ် ပေးခြင်းအပြင် Local Support, Local Service, Local Warranty အစရှိသော ​ဝန်ဆောင်မှုတွေကို အပြည့်အဝ ပေးထားပါတယ်။

Smart Home Automation System ရဲ့အလုပ် လုပ်ပုံကို ရှင်းပြပေးပါဦး။

Smart Home System ဆိုတာက နေ့ညလူ အသွားအလာပေါ် မူတည်ပြီး အလိုအလျောက် အလင်းအမှိန် ပြောင်းနိုင်တဲ့ မီးအရောင် (Lighting/Dimming Control)၊ လိုအပ်သလို အတိုးအလျှော့ လုပ်နိုင်တဲ့ အခန်းရဲ့ အပူချိန် (Air-ConControl )၊ စိတ်ကြိုက် ခံစားနားဆင်နိုင်မယ့်သီချင်းနဲ့ ရုပ်ရှင်တွေ (Audio/ Video/ TV/ MotorizedProjection Control)၊ လိုအပ်ချက်အလိုက် အဖွင့်ပိတ် လုပ်ပေးမယ့် ခန်းဆီးလိုက်ကာတွေ (Motorized Curtain), လုံခြုံရေးအရ ၂၄ နာရီပတ်လုံး စောင့်ကြည့်ပေးမယ့် CCTV ကင်မရာတွေ (Security System)၊ တစ်စုံတစ်ရာဖြစ်ပါက သတိပေး သံပေးမယ့် Alarm & Sensor တွေ (Motion/Door Sensors, Smoke/ Heat/ GasDetectors)၊ အလိုအလျောက် အဖွင့်အပိတ်လုပ်ပေးနိုင်တဲ့ ခြံဝန်းတံခါတွေ၊ စက်ရုံဝန်း တံခါးတွေ (Auto Swing and Sliding Gate) စတဲ့ နည်းပညာတွေကို Smart Phone/ Tablet/ Customized Remote Control/ SMS တွေကနေ တစ်ချက်နှိပ်ရုံနဲ့ မည်သည့်နေရာဒေသ၊ မည်သည့် အချိန်မဆို
လွယ်လင့်တကူ အလုံးစုံ ထိန်းချုပ်နိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ မိမိဘယ်နေရာ ရောက်ရောက် ဖုန်းထဲကနေလည်း ထိန်းချုပ်ပြီး လုပ်ဆောင်လို့ရတဲ့အတွက် မိမိအိမ်လုံခြုံမှုကို အပြည့်အဝ ပေးနိုင်ပါတယ်။ Residential, Commerical, leisure projects တွေမှာလည်း Smart Home Automation System ကို တပ် ဆင်လိုက်ခြင်းအားဖြင့် အဆောက်အဦရဲ့ တန်ဖိုးကို မြင့်တက်စေသလို မိသားစုလူနေထိုင်မှုဘ၀တိုးတတ်ပြီး လုံခြုံမှုအပြည့်အ၀ရရှိစေမှာ ဖြစ်ပါတယ်။ တပ်ဆင်တဲ့ လူတွေအတွက် Smart Touch ခလုတ်မျိုးစုံများကိုလည်း မိမိအခန်းနဲ့လိုက်ဖက်မယ့် ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

ကုန်ကျစရိတ်အနေနဲ့ကရော ခန့်မှန်းချေ ဘယ်လောက်လောက်ရှိမလဲဆိုတာ သိချင်ပါတယ်။

ကုန်ကျစရိတ် အနေနဲ့ကတော့ Customer လိုအပ်ချက်နဲ့ အသုံးပြုတဲ့ နေရာပေါ်မူတည်ပြီး Hotel Package, home Package, Hospital Package, Apart-ment Package, Villa Package, Office Package အစရှိသော Package မျိုးစုံ ခွဲခြားထားပါတယ်။ အသေးစိတ်ကိုတော့ ဖုန်းဆက်ပြီးဖြစ်စေ၊ Showroom သို့ လူကိုယ်တိုင် လာရောက်ပြီးဖြစ်စေ စုံစမ်းနိုင်ပါတယ်။

ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ အာမခံဘယ်လို ပေးထားပါလဲ။

DigiNET Company က တင်သွင်းတဲ့ မည်သည့် Product ကိုမဆို Local warranty 1Year ပေးထားပါတယ်။ တစ်နှစ်အတွင်း မည်သည့် လိုအပ်ချက်ကိုမဆို အတွေ့အကြုံရှိတဲ့ Engineer တွေကနေ On Site ဖြေရှင်းပေးခြင်း၊ Local Repair & Replacement ပြုလုပ်ပေးခြင်း၊ ဝယ်ပြီး ၃ လအတွင်း တစ်ခုခုချို့ယွင်းခဲ့ပါက ပစ္စည်းအသစ် တစ်ခုဖြင့် အစားထိုးပေးခြင်း၊ Minor Changes များရှိခဲ့ရင် Free Service & Support ပေးခြင်းတို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

DigiNet အနေနဲ့ကော ရှေ့ဆက်ပြီး လုပ်ဆောင်သွားမယ့် အကြောင်းလေး တွေရှိရင် ပြောပြပေးပါလား။

DigiNet Company မှ မြန်မာနိုင်ငံအနာဂတ်နည်းပညာများ တိုးတက်စေဖို့ အတွက် Automation System ကို စိတ်ဝင်စားတဲ့ တက်သစ်စ လူငယ်အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းလုပ်ဆောင်လိုတဲ့ com-pany တွေအတွက် Free Training များပေးခြင်းအပြင် Research & Develop-ment Centre တွေနဲ့ ပူးပေါင်းပြီး နည်းပညာသစ်တွေ ဖြန့်ဝေပေးနိုင်အောင် အမြဲကြိုးစား လုပ်ဆောင်နေပါတယ်။ DigiNET ကုမ္ပဏီမှ လုပ်ဆောင်လျက်ရှိတဲ့ လုပ်ငန်းတွေနဲ့ Product တွေ အကြောင်းကို https://www.dropbox.com/sh/ysc6en470iks6m1/AACeqdKCx2rTsEdw TqJnOy5Ha?dl=0 နဲ့ www.facebook.com/DiginetGroup/မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Show Room ကိုလည်း လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်း ၀၉၂၅၄၂၀၉၀၁၇ နှင့် ၀၉၅၁၁၀၁၃၀ သို့ လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။