Home » 

File Synchronization (file sync)

By: 

နောင်နောင်

File synchronization (file sync) ဆိုတာကတော့ မတူညီတဲ့ တည်နေရာတွေမှာ ဖိုင်တွေကို update ဖြစ်နေအောင် သိမ်းဆည်းပေးတဲ့ နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ Cloud နဲ့ သိုလှောင်မှုပမာဏ ရောင်းချသူတွေဟာ ဒီလုပ်ငန်းစဉ်နဲ့ အထောက်အပံ့ ဖြစ်စေမယ့် ဆော့ဖ်ဝဲကိုထောက်ပံ့ ပေးပါတယ်။

File synchronization ရဲ့ အရေးပါမှုဟာ သိသိသာသာ မြင့်တက်လာတာနဲ့အမျှ စီးပွားရေးလုပ်ငန်း တွေကလည်း cloud ကို colloaboration အတွက် အသုံးပြုလာကြပါတယ်။ ၎င်းကို backup နဲ့ ဖိုင်တွေကို မိုဘိုင်းကနေ အသုံးပြုနိုင်ဖို့အတွက် အသုံးပြုကြပါတယ်။ ဒါပေမဲ့လည်း file sync ပြုလုပ်ခြင်းဟာ ဝန်ထမ်းတွေက လူသုံးကုန်အဆင့် application တွေနဲ့ လုပ်ငန်းဖိုင်တွေကို အသုံးပြုနိုင်တာကြောင့် စီးပွားရေး လုပ်ငန်းတွေအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေပါတယ်။

File synchronization ဆော့ဖ်ဝဲဟာ on-premises data ကို အခြားထုတ်ကုန်ကနေ cloud ထံ ကူးယူသိမ်းဆည်း ပေးပါတယ်။ ဖိုင်တွေကို ဝက်ဘ်အခြေခံ ပေါ်တယ်တစ်ခုကနေ အသုံးပြုနိုင်ပါတယ်။ File sync ဆော့ဖ်ဝဲတွေမှာ Box, Syncplicity နဲ့ Dropbox တို့က လူသိများပါတယ်။