Home » 

Snapchat

By: 

နောင်နောင်

Snapchat  ဆိုတာကတော့  သုံးစွဲသူများက ကြည့်ရှုပြီးသည့်အခါ ပျောက်ကွယ်သွားမယ့် “self-destructing” ဓာတ်ပုံများနဲ့ ဗီဒီယိုများကို ပေးပို့ခြင်းနဲ့ လက်ခံခြင်းတို့ ပြုလုပ်နိုင်မယ့် မိုဘိုင်း app တစ်ခုဖြစ်ပါတယ်။ အဆိုပါ app နဲ့ ရိုက်ကူးတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို snap လို့ခေါ်ဆိုပါတယ်။

Snapchat ဟာ snap တွေကို ဖမ်းယူရန်အတွက် ထုတ်ကုန်ရဲ့ ကင်မရာကို အသုံးပြုပြီး Wi-Fi နည်းပညာနဲ့ ပေးပို့ပါတယ်။ ဒီ app ဟာ ပေးပို့သူက snap ပေါ်မှာ စာသားများကို ရေးဆွဲထည့်သွင်း နိုင်သလို လက်ခံသူ ကြည့်ရှုနိုင်မယ့် စက္ကန့်အရေ အတွက်ကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။ လက်ခံရရှိသူဟာ snap ကို ကြည့်ရှုပြီး ချိန်မှာတော့ snap ဟာ လက်ခံသူရဲ့ ထုတ်ကုန်ကနေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ Message များကို တစ်ကြိမ်သာ ကြည့်ရှုနိုင်ပြီး ကြည့်ရှုနေစဉ်အတွင်းမှာ လက်ခံသူက ထုတ်ကုန်ရဲ့ touchscreen ကို ထိထားဖို့ လိုပါတယ်။ သို့မဟုတ်ပါက snap တွေ ပျောက်ကွယ်သွားပါလိမ့်မယ်။

Snapchat application ကို စတမ်းဖို့ဒ် တက္ကသိုလ်ကျောင်းသားတွေ တည်ထောင်ထားတဲ့ အဖွဲ့ငယ်တစ်ခုက ဖန်တီးခဲ့ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ iOS နဲ့ Android အတွက် ဖြန့်ချိခဲ့ပါတယ်။