Home » 

Metro Apps

Metro apps ဆိုတာကတော့ Microsoft ကုမ္ပဏီက ထုတ်လုပ်တဲ့ Surface tablet ကွန်ပျူတာများအတွက် ရေးဆွဲထားပြီး touch-screen နဲ့အသုံးပြုနိုင်တဲ့ app များကို ခေါ်ဆိုပါတယ်။ Windows RT နဲ့

Windows 8 အသုံးပြုထားတဲ့ ကွန်ပျူတာပေါ်မှာ အသုံးပြုနိုင်မယ့် Metro app တွေကို Windows store ကနေ ရယူနိုင်ပါတယ်။

သက်ဆိုင်ရာ OS (operating system) ကို ထည့်သွင်းထားရုံနဲ့ ၎င်း app တွေကို tablet ထုတ်ကုန်များတွင်သာမက ဘယ် destkop နဲ့ notebook ပေါ်မှာမဆို အသုံးပြုနိုင်ပြီး keyboard, mouse နဲ့လည်း အသုံးပြုနိုင်ပါတယ်။ Metro app တွေကို ဆက်သွယ်မှုများ၊ လုပ်ငန်းအစီအစဉ်များ၊ သတင်းများ၊ ရာသီဥတု၊ အားကစား၊ ဘဏ္ဍာရေး အချက်အလက်၊ သီချင်း၊ ဗီဒီယို၊ စာအုပ်၊ ခရီးသွားခြင်းနဲ့ အခြားသော လုပ်ဆောင်ချက် များအတွက် ထောက်ပံ့ပေးရန် Microsoft က စီစဉ်ထားပါတယ်။ ဒါ့အပြင် cloud သိုလှောင်မှု စနစ်အတွက် app တစ်ခုကိုလည်း ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။

Metro app တွေကိုရေးဆွဲသူများဟာ Metro design language ကို အခြေခံ ရေးဆွဲထားပြီး UI (user interface) ကို စတုရန်းကွက် တစ်ခုအနေနဲ့ တည်ဆောက်ထားပါတယ်။