Home » 

Clonezilla

By: 

နောင်နောင်

Clonezilla ဆိုတာကတော့ Debian ပေါ်မှာ အခြေခံထားတဲ့ အခမဲ့ open source disk cloning application တစ်ခု ဖြစ်ပါတယ်။ Clonezilla ဟာ အခြားသော disk cloning application တွေလိုပဲ အခြားကွန်ပျူတာရဲ့ hard drive ဒါမှမဟုတ် DVD နဲ့ USB လို removable medium တစ်ခုကဲ့သို့ အခြား storage medium ထံ လွှဲပြောင်းရန်အတွက် hard drive တစ်ခုရဲ့ content တွေကို ကူးယူပါတယ်။ Clonezilla ကို Windows, Macintosh နဲ့ Linux operating system တွေမှာ အသုံးပြုနိုင်ပါတယ်။

Clonezilla ကို single- နဲ့ multiple-machine cloning ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ရနိုင်ပါတယ်။ Clonezilla Live ဟာ install လုပ်စရာမလိုဘဲ ကွန်ပျူတာတစ်လုံးကို ပုံတူပွားနိုင်ပါတယ်။ ၎င်းဟာ CD, DVD နဲ့ USB drive တစ်ခုလို physical media ပေါ်ရှိ LiveDistro တစ်ခုကတစ်ဆင့် လည်ပတ်လုပ်ဆောင်ပါတယ်။ Clonezilla SE (Server Edition) က disk အမြောက်အမြားကို တစ်ပြိုင်နက် ပုံတူပွားနိုင်ပါတယ်။ ဒီ software ဟာ 5.6 Gigabyte disk image တစ်ခုကို ကွန်ပျူတာ ၄၀ ကျော်ထံ ၁၀ မိနစ်အတွင်း ပေးပို့နိုင်တယ်လို့ Clonezilla ဝက်ဘ်ဆိုက်မှ ဖော်ပြထားပါတယ်။

Clonezilla ကို စတီဗင်ရှောက ဖန်တီးခဲ့ပြီး NCHC Free Software Labs မှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။