Home » 

App of the WeeK

By: 

ရဲထွဋ်ဝင်း

စမတ်ဖုန်းကို ခေတ်ရေစီးကြောင်းနဲ့အညီ အသုံးပြုလာကြတဲ့သူတွေထဲကမှ ဖုန်းနဲ့ဓာတ်ပုံရိုက်ရတာကို ၀ါသနာကြီးသူတွေ၊ အပျော်တမ်းရိုက်ကူးသူတွေအတွက် ဓာတ်ပုံကို ပိုမိုဆန်းသစ်အောင် ဖန်တီးနိုင်ဖို့ Android ဓာတ်ပုံပြင် App လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ အခမဲ့ရယူနိုင်တဲ့အပြင် ဒီ App တွေက ဓာတ်ပုံကို ဆန်းသစ်လှပအောင် တည်းဖြတ်နိုင်မှာဖြစ်ပါတယ်။ ပြင်ထားတဲ့ပုံတွေကိုလည်း မူရင်းပုံနဲ့ နှိုင်းယှဉ်ပြီး ကြည့်နိုင်တဲ့ လုပ်ဆောင်ချက်ကလည်း ဒီ App တွေရဲ့ အားသာချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

Photo Studio

Filters ပေါင်း ၁၅ဝ ကျော်၊ Special effects ပေါင်း ၂ဝဝ ကျော် ပါဝင်တဲ့အပြင် စတစ်ကာ၊ ဓာတ်ပုံဘောင်၊ စာသားထည့်သွင်းခြင်း စတာတွေကိုလည်း အသုံးပြုနိုင်တဲ့ App ဖြစ်ပါတယ်။ ပြင်လိုက်တဲ့ဓာတ်ပုံတွေကို JPEG နဲ့ PNG format နှစ်မျိုးနဲ့ ပြန်ထုတ်နိုင်မှာဖြစ်ပြီး အွန်လိုင်းကနေလည်း Effects တွေကို ထပ်မံ Download လုပ်နိုင်မှာဖြစ်ပါတယ်။
https://goo.gl/kQi1f

Toolwiz Photos – Editor Pro

ဓာတ်ပုံတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန်ပြင်နိုင်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။ Rotate, Crop, Perspective, Resize, Reshape, Flip, Expand, Shrink စတဲ့ Image Process လုပ်နိုင်တဲ့စနစ်အပြင် အလင်းအမှောင်၊ White Balance, Color Balance တွေနဲ့ Color Effect မျိုးစုံကိုလည်း ဓာတ်ပုံမှာ အလွယ်တကူ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Filter effects များစွာ ထည့်သွင်းထားတဲ့အပြင် အွန်လိုင်းကနေ စတစ်ကာ၊ effects, texture စတာတွေကို အလွယ်တကူ ရယူနိုင်မှာဖြစ်ပါတယ်။
https://goo.gl/FMfvgF

PhotoDirector Photo Editor App

ဓာတ်ပုံကို အလွယ်တကူပြင်နိုင်မယ့် App ပါ။ Basic Edit, Adjust, Fisheye, Removal, Effects, Splash, Mirror, Blender, Overlay, Blur Tool, Portrait Tools, InstaFill, Pen Tools, Text Tools, Frame, Scene စတဲ့ အပိုင်းလိုက်တည်းဖြတ်နိုင်ဖို့ ဖန်တီးထားပါတယ်။ Scene အသစ်တွေ ကိုလည်း အွန်လိုင်းကနေ Download ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။ JPED/PNG image နှစ်မျိုးတည်း သာ ဒီ App မှာ ပြင်ဆင်နိုင်မှာပါ။
https://goo.gl/AjoXl8

PicsArt Photo Studio 100% Free

ဆန်းသစ်တဲ့ဓာတ်ပုံတွေကို ဖန်တီးနေတဲ့ အဖွဲ့အစည်းတစ်ခုပါဝင်နေတဲ့ App လို ညွှန်းဆိုထားတဲ့အတိုင်း App ထဲမှာ ဓာတ်ပုံကိုတည်းဖြတ်နိုင်တဲ့ Tools ပေါင်း တစ်ရာလောက်ကို ထည့်သွင်းပေးထားပါတယ်။ ဒီ App ကတော့ ဓာတ်ပုံကို ပန်းချီပုံစံမျိုးစုံအနေနဲ့ ပြင်ဆင်နိုင်အောင် ထောက်ပံ့ပေးထားတဲ့အပြင် ပုံတွေကို Animated gif ဒါမှမဟုတ် ဗီဒီယိုအနေနဲ့ပါ ပြောင်းလဲနိုင်စေမှာ ဖြစ်ပါတယ်။
https://goo.gl/ehLsxX

Snapseed

Goole Inc. ကနေ ဓာတ်ပုံတည်းဖြတ်နိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ App ဖြစ်ပါတယ်။ RAW နဲ့ DNG RAW ဓာတ်ပုံတွေကိုပါ တည်းဖြတ်ပြင်ဆင်နိုင်ဖို့ အတွက် ထောက်ပံ့ပေးပါတယ်။ ပြင်ဆင်နိုင်တဲ့ ဓာတ်ပုံ Filters နဲ့ Effects တွေ များစွာပါဝင်တဲ့အပြင် Effects နဲ့ Filter တွေကို မိမိစိတ်ကြိုက် အနေအထား ပြန်လည်ပြင်ဆင်နိုင်ပါသေးတယ်။ ဓာတ်ပုံပေါ်မှာ စာသားတွေထည့်သွင်းဖို့ အတွက်တော့ Text စနစ် ဒီ App မှာ ပါဝင်မှာ မဟုတ်ပါဘူး။
https://goo.gl/RtAO6