Home » 

eCommerce အတွက် အွန်လိုင်းကနေ ဘယ်လိုလျှောက်မလဲ

MPU (Myanmar Payment Union) ကတ်များ အသုံးပြု၍ အွန်လိုင်းမှ eCommerce လျှောက်ထားနိုင်ပြီဖြစ်သည်။ ထိုကဲ့သို့ eCommerce အတွက် MPU
card Online Enrollment လျှောက်ထားပုံအဆင့်ဆင့်ကို သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။

လက်ရှိလျှောက်ထားနိုင်သောဘဏ်များမှာ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ သမဝါယမဘဏ်၊ မြ၀တီဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ဖြစ်ကြောင်း Myanmar Payment Union မှ သိရသည်။

လျှောက်ထားရန်

MPU Online Enrollment အတွက် www.myanmarpaymentunion.com သို့ဝင်ရောက်ကာ eCommerce Online Enrollment သို့ စတင်ဝင်ရောက်ရမည်ဖြစ်သည်။ ထိုသို့ဝင်ရောက်ပြီးနောက် မိမိကတ်နံပါတ်ကို ရိုက်ထည့်ရန်နေရာကိုတွေ့ရှိရမည်ဖြစ်သည်။ ယင်းနေရာတွင် ကတ်နံပါတ်ကို ရိုက်ထည့်ပြီးနောက် Online Enrollment အတွက် လိုအပ်သည့်အချက်အလက်များ ဖြည့်စွက်ရန်နေရာများကို တွေ့မည်ဖြစ်သည်။

ယင်းနေရာများတွင် ကတ်ပြုလုပ်သည့်ဘဏ်၊ ကတ်နံပါတ်၊ ကတ်သက်တမ်းကုန်ဆုံးရက်၊ အမည်၊ အီးမေးလ်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်များကို ဖြည့် စွက်ရမည်ဖြစ်သည်။ ထိုသို့ဖြည့်စွက်ပြီး နောက် အချက်အလက်များမှန်ကန်ကြောင်း ပြထားသည့်နေရာတွင်အမှန်ခြစ်ကာ ဆက်လက်ဝင်ရောက်ရမည်ဖြစ်သည်။

အချက်အလက်များအားလုံး မှန်ကန်စွာဖြည့်စွက်ပြီး Summit Now နေရာမှနောက်တစ်ဆင့်သို့ ဝင်ရောက်ပါက Online Enrollment ပြီးဆုံးကြောင်းတွေ့ရမည်
ဖြစ်သည်။ လျှောက်ထားခြင်းအောင်မြင်ပါက Online Enrollment အတွက် ကျေးဇူးတင်ကြောင်း၊ ပြုလုပ်ခဲ့သောလျှောက်ထားမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဘဏ်
မှ အမြန်ဆုံးအကြောင်းကြားပေးမည်ဖြစ်ကြောင်းစာတိုအား မြင်ရမည်ဖြစ်သည်။

လျှောက်ထားမှုကြာမြင့်ချိန်မှာ မိမိလျှောက်ထားခဲ့သော သက်ဆိုင်ရာဘဏ်ပေါ်လစီအပေါ်တွင်မူတည်ကြောင်း၊ Online Enrollment အတွက် လုပ်ငန်းဆောင်ရွက်ရမှုမှာ လုပ်ငန်းဆောင်ရွက်ချိန်သုံးရက်ခန့်အထိ ကြာနိုင်ကြောင်း သိရသည်။

Online Enrollment လျှောက်ထားရန်အတွက် မှတ်ပုံတင်ခြင်းကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သော အထက်ဖော်ပြပါဘဏ်များတွင် ဦးစွာလျှောက် ထားခဲ့ရမည်ဖြစ်ပြီး၊ Online Enrollment မရရှိသေးသော MPU ကတ်ဖြင့်လျှောက်ထားပါက ရရှိမည်မဟုတ်ချေ။

ကတ်ပိုင်ရှင်အနေနဲ့ ဘာထူးခြားသွားမလဲ

ကတ်ပိုင်ရှင်အနေဖြင့် eCommerce တွင် ဈေးဝယ်ယူနိုင်မည်ဖြစ်သည်။ ထိုသို့ ဝယ်ယူရာတွင် နေရာနှင့်အချိန်သတ်မှတ်ချက်ရှိမည် မဟုတ်ဘဲ ၂၄ နာရီပတ်လုံး
အွန်လိုင်းမှဈေးဝယ်နိုင်မည်ဖြစ်ကြောင်း၊ eCommerce ဖြင့် စီးပွားရေးလုပ်သူများအတွက် ၂၄ နာရီပတ်လုံး အွန်လိုင်းမှရောင်းချနိုင်ခြင်း၊ ဆိုင်ခန်းခမရှိခြင်းတို့ကြောင့် ဈေးကွက်ပိုမိုရရှိလာနိုင်သည်ဟု ဆိုသည်။

eCommerce Merchant ဘယ်နှစ်ခုရှိထားပြီးလဲ

eCommerce Merchant ၄၃ ခု အထိရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါလုပ်ငန်း ၄၃ ခုမှဆောင်ရွက်သော ဝက်ဘ်ဆိုက်များတွင် eCom-merce အသုံးပြုနိုင်ပြီဖြစ်သည်။ ဆောင်ရွက်နိုင်မည့် ဝက်ဘ်ဆိုက်အများစုမှာ အောက်ပါအတိုင်းဖြစ်သည်။

www.myanarmobilestore.com, www.topup.com.mm, www.myanpay.com.mm, www.easybills.com.mm, www.easybills.com.mm, https://1stop.2c2p.com, www.bookingmin.com, www.bnfexpress.com, www.starticket.com.mm, https://m.2c2p.com/charityfund, www.allmyanmarbooking.com, www.questonthefrontier.com, www. 528go.com, www.oway.com.mm, www.ezymm.com, www.eushido.com, www.shwe7.com, www.myanmarwebsolutions.com, www. myanmaronlinesales.com, https:// flymya.com, www.kayeezin.com, www.mmpay.net, https://play.goo
gle.com/store/apps, www.myanmarmusicnetwork.com, www.supportmyanmar.umfcci.org.mm, http://www.airkbz.com, https://mm.mysabay.com, https://mmtix.com, www.irdmyanmar.gov.mm, www.myprepaidtopup.com, www.flymna.com, https://1stop.2c2p.com, www.myanmargoldentravel.com, www.kkmyanmar.com, www.schomall.mm.com, www.greattreasurehotel.com, www.mawkun.com, https://payhere .2c2p.com, www.ptktourmyanmar
.com, www.phyopayment.com, www.phyopayment.com, www.phyo.org, www.gen-ymm.com

eCommerce သမိုင်း

MPU ကတ်များဖြင့် အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည့် eCommerce ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။ eCommerce ကို စတင်အသုံးပြုလိုသော MPU ကတ်ကိုင်ဆောင်သူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့ဝင်ဘဏ်များ
တွင် eCommerce အသုံးပြုလိုကြောင်းကို စတင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ ကတ်ကိုင်ဆောင်သူများအနေဖြင့် ကိုယ်ပိုင်အီးမေးလ်တစ်ခုရှိရန်လိုအပ်ကြောင်း
Myanmar Payment Union ၀က်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။ eCommerce ဝန်ဆောင်မှုကို ဆောင်ရွက်လိုသော လုပ်ငန်းများအနေဖြင့် အဖွဲ့
ဝင်ဘဏ်များမှတစ်ဆင့် Membership Form များရယူပြီး ဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းများအနေဖြင့် အဖွဲ့ဝင်ဘဏ်များတွင် ငွေပေးချေမှုများဆောင်ရွက်ရန်အတွက် အကောင့်ဖွင့်ထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်ငွေများကို MPU eCommerce မှတစ်ဆင့် MPU ကတ်များ အသုံးပြုပြီး ပေးချေနိုင်ပြီဖြစ်ကြောင်း သိရသည်။
eCommerce ကို ဆောင်ရွက်နေကြသည့် MPU အဖွဲ့ဝင်ဘဏ်များ

(၁) မြန်မာ့စီးပွားရေးဘဏ်
(၂) မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်
(၃) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်
(၄) မြန်မာနိုင်ငံသားများဘဏ်
(၅) မြဝတီဘဏ်
(၆) မြန်မာအရှေ့တိုင်းဘဏ်
(၇) ထွန်းဖောင်ဒေးရှင်းဘဏ်
(၈) ကမ္ဘောဇဘဏ်
(၉) ကမ္ဘာ့ရတနာဘဏ်
(၁၀) အင်းဝဘဏ်
(၁၁) သမဝါယမဘဏ်
(၁၂) အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်
(၁၃) ဧရာဝတီဘဏ်
(၁၄) မြန်မာ့ရှေ့ဆောင်ဘဏ်
(၁၅) ယူနိုက်တက်အမရဘဏ်
(၁၆) အသေးစားနှင့် အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်
(၁၇) ကျေးလက်ဖွံ့ဖြိုးရေးဘဏ်
(၁၈) ရန်ကုန်မြို့တော်ဘဏ်
(၁၉) ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
(၂၀) မြန်မာ့အသေးစားနှင့် ငွေရေးကြေးရေးဘဏ်
(၂၁) ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ်
(၂၂) ရိုးမဘဏ်
(၂၃) ပထမပုဂ္ဂလိကဘဏ်

ကတ်များလျှောက်ထားရန်

(၁) မှတ်ပုံတင်မူရင်းယူပါ။
(၂) မိမိလျှောက်လိုသည့် သက်ဆိုင်ရာဘဏ်သို့သွားပါ။
(၃) ငွေပေးချေမှုကတ်ကောင်တာသို့သွားပြီး ကတ်လုပ်လိုကြောင်းပြောပါ။
(၄) မိမိပြုလုပ်လိုသည့် ကတ်အမျိုးအစားကိုပြောပြီး ဘဏ်မှထုတ်ပေးသော ဖောင်ကိုဖြည့်စွက်ပါ။
(၅) မိမိအသုံးပြုလိုသည့် ပုံစံကိုပြောပါ။ (ကတ်ထဲငွေထည့်ပြီး လိုအပ်ချိန်ထုတ်သုံးမှာလား၊  ဘဏ်အကောင့်ထဲကနေ ကတ်ထဲကိုရွှေ့ပြီးထုတ်သုံးမှာလား)
(၆) ဘဏ်မှပေးမည့်ရက်ချိန်းကိုယူပြီး သတ်မှတ်ရက်ချိန်းတွင် လာထုတ်ရမည် ဖြစ်သည်။
(၇) ကတ်အမျိုးအစားအပေါ်မူတည်၍ ကတ်ဖိုးကျသင့်ငွေပေးရမည်ဖြစ်သည်။
(၈) သတ်မှတ်ရက်အတွင်း ကတ်ထွက်ရှိလာပြီးနောက် ကတ်နှင့်အတူ တွဲဖက်ရရှိမည့် အညွှန်းစာရွက်ပါအတိုင်း အသုံးပြုနိုင်ပြီဖြစ်သည်။