Home » 

Daddy’s Little Helper

ဇွန်လ ၁၄ ရက်နေ့မှ ထုတ်လုပ်ဖြန့်ချိပေးလိုက်သော Daddy’s Little Helper ဆိုသည့် ဂိမ်းသည် အိမ်ရှိ အလုပ်များဖြစ်သည့် ပန်းကန်ဆေးခြင်း၊ မီးပူတိုက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်ကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ အစာကျွေးခြင်း အစရှိသည်တို့အပြင် အခြား အိမ်အလုပ်များကို ကူညီ ပေးရမည့် ဂိမ်းဖြစ်သည်။

အဆိုပါဂိမ်းကို iTunes တွင် အခမဲ့ ရယူ အသုံးပြုနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 78 MB ခန့်ရှိမည်ဖြစ်သည်။
iOS version 7.0 နှင့်အထက်တွင် ထည့်သွင်း ကစားနိုင်မည့် ဂိမ်းအမျိုးအစား တစ်ခုလည်းဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။