Home » 

Wave Money မှ စီအီးအိုဖြစ်သူ Mr. Brad Jones နှင့် တွေ့ဆုံခြင်း

By: 

မြင့်ကျော်လှိုင်

“ဆင်းရဲတယ်ဆိုတာ တကယ် တော့ ဈေးအရမ်းကြီး တယ်”

ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ Telenor ဟာ ရိုးမဘဏ်နဲ့ ပူးပေါင်းပြီးတော့ Mobile Money ဝန်ဆောင်မှု ပေးအပ်ဖို့ Wave Money ဆိုတဲ့ ကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။ Wave Money ကို Telenor အနေနဲ့ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ရိုးမဘဏ် အနေနဲ့ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ပါ တယ်။ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် ရပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဆက်သွယ်ရေး အော်ပရေတာတွေဟာ Mobile Money ဝန်ဆောင်မှုကို အပြိုင်အဆိုင် ပေးအပ်ကြတော့ မှာလည်း ဖြစ်ပါတယ်။ အခုဆိုရင် Mobile Money ဆိုတာ ဘယ်လို အလုပ်လုပ်တယ်။ Wave Money က ဘယ်လိုဝန်ဆောင်မှုတွေ ပေးမယ် ဆိုတာနဲ့ ပတ်သက်ပြီး Wave Money ရဲ့ CEO ဖြစ်သူ Mr. Brad Jones နဲ့ အခုလို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

Wave Money က ဝန်ဆောင်မှု ပေးမယ့် Mobile Money အကြောင်းကို အနည်းငယ် ရှင်းပြပေးနိုင်မလား။

Wave Money ကလူအများစုကို အသုံးပြုလို့ ရအောင်လုပ်ပေး မှာပါ။ ဝန်ဆောင်မှု ပထမတစ်ခုက Wave အကောင့်ကနေ Wave အကောင့်ကို မိုဘိုင်းဖုန်းကနေပြီး ငွေလွှဲ လို့ရတယ်။ နောက်တစ်နည်းက Wave ဆိုင်တွေကိုသွား၊ အဲဒီကနေပြီး ငွေလွှဲတာဖြစ်ဖြစ်၊ ငွေလက်ခံ တာဖြစ်ဖြစ် လုပ်လို့ရတယ်။ အဲဒီနှစ်နည်းနဲ့ ငွေလွှဲတဲ့ ဝန်ဆောင်မှုကို စပေးပါမယ်။

ဝန်ဆောင်မှုကို မန္တလေးတိုင်းဒေသကြီးထဲမှာ စမ်းသပ်လုပ်ကိုင် နေတယ်လို့ သိရတယ်။ ၂၀၁၆ ခုနှစ်ထဲမှာ ဘယ်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို တိုးချဲ့သွားမယ် စဉ်းစားထားလဲ။

အခု အထက်မြန်မာပြည်မှာ ဝန်ဆောင်မှုကို စမ်းသပ်လုပ်ကိုင် နေတာပါ။ တကယ်တမ်း မစတင်ရသေးပါဘူး။ စမ်းသပ်တဲ့ ရည်ရွယ်
ချက်က ဝန်ဆောင်မှုကို စစ်ဆေးနေတာပါ။ စတင်တဲ့အခါ ချော ချောမွေ့မွေ့ ဖြစ်စေချင်လို့ပါ။

Mobile Money ဝန်ဆောင်မှု ကို လုပ်ကိုင်တဲ့နေရာမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ SIM ကတ်တွေက အခက်အခဲတစ်ခုဖြစ်စေ မယ်လို့ အော်ပရေတာတွေက ပြောထားတယ်။ အခုကော အဲဒီလို အခက်အခဲတွေ ကြုံတွေ့နေရ လား။

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုတဲ့ လူတွေအနေနဲ့ ဖောင်ကို သေသေချာချာဖြည့် ပေးဖို့ လိုပါတယ်။ အဲဒါက အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အဲဒီဖောင်ပေါ်မှာ ဖြည့်ထားတဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်ဟာ အစိုးရက ချမှတ်ထားတဲ့ နည်းဥပဒေတွေအတိုင်း လိုက်နာရမှာပါ။ ဒါကြောင့် အရေးကြီး ပါတယ်။

Wave Money ကို အစိုးသစ်တက်လာတဲ့အခါ စည်းမျဉ်းစည်း ကမ်း အသစ်တွေ ထွက်ရှိလာမှ စတင်မိတ်ဆက်နိုင်မယ်လို့ သိရ တယ်။ စည်းမျဉ်းစည်းကမ်း အသစ်တွေဆိုတာ ဘာတွေများ ဖြစ် နိုင်မလဲ။

ဗဟိုဘဏ်က အခု ဘာလုပ်နေလဲဆိုတော့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ နည်းဥပဒေကို လက်ရှိ လုပ်နေပါတယ်။ အဲ့ဒီ နည်းဥပဒေကို ဗဟိုဘဏ်က ပြဋ္ဌာန်း လိုက်တယ် ဆိုရင် Wave Money လည်း လိုင်စင်ရပြီး စလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

Mobile Money ဝန်ဆောင်မှု ဟာ ကျေးလက်က လူတွေဆီကို ဦးတည်ထားတယ်လို့ နားလည်ပါတယ်။ ကျေးလက်ဒေသတွေမှာ မိုဘိုင်းဆက်သွယ်ရေး မကောင်းသေးတဲ့ နေရာတွေရှိနေသေး တယ်။ တချို့ကလည်း နည်းပညာကို အသုံးပြုရမှာ ကြောက်နေ ကြသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ကြိုတင် စဉ်းစားထားတာ ဘာများ ရှိလဲ။

ကျွန်တော်တို့ဆီမှာ Wave ဆိုင်က ငွေလွှဲတဲ့ဝန်ဆောင်မှု ဆိုတာ ရှိသေးတယ်။ အဲဒါက အရမ်းလွယ်ပါတယ်။ လူတော်တော်များများက နယ်ကနေ မြို့ပေါ်ကို ရွှေ့လာကြတာပါ။ အဲဒီလူတွေက နယ်ကို ငွေပြန်လွှဲတာက အရမ်းကို ဖြစ်ထွန်းလာမယ်လို့ မျှော်လင့် ထားပါတယ်။ အဲ့ဒီလိုလွှဲတဲ့အခါ နယ်က Wave ဆိုင်တွေဆီကို လွှဲလို့ရတယ်။ အဲဒီအတွက် ကွန်နက် ရှင်တွေ မလိုပါဘူး။

Wave Money က ကမ္ဘာ့ဆင်းရဲမှု တိုက်ဖျက်ရေးမှာ ပါဝင်လှုပ် ရှားသူဖြစ်တယ်လို့ ပြောထားတာ ရှိတယ်။ ဘာကြောင့် ဒီလိုပြောနိုင် တာလဲ။

ဆင်းရဲတယ်ဆိုတာ တကယ် တော့ ဈေးအရမ်းကြီးတယ်။ ဆင်းရဲတဲ့လူတွေက ဘဏ်ကို သုံးလို့မရဘူး။ အဲဒီတော့ ငွေလွှဲတော့မယ်ဆိုရင် Bus Car တွေဆီကနေ တစ်ဆင့် လွှဲကြတာလည်း ရှိတယ်။ အဲ့ဒီအချိန်မှာ ဈေးပိုကြီးတယ်။ တရားဝင်ငွေလွှဲတွေကို လက်လှမ်းမမီတဲ့ လူတွေဟာ တရားမဝင်ငွေလွှဲတဲ့ လုပ်ငန်းတွေဆီမှာ ပိုက်ဆံ အများကြီး ပိုပေးရတယ်။ ဥပမာ - ဆောက်လုပ်ရေး လုပ်သား တစ်ယောက် နယ်ကိုငွေလွှဲဖို့ အတွက် အလုပ်ဖျက်ရမယ်။ ကားဂိတ်သွားရမယ်။ အချိန်ပေးရ မယ်။ ငွေပိုကုန်မယ်။ Wave Money ကိုသုံးရင် အလုပ်ရှင်က လုပ်သားရဲ့လခကို ဖုန်းထဲထည့်ပေးလိုက်မယ်။ လုပ်သားအနေနဲ့ နယ်က မိဘတွေဆီကို ဖုန်းထဲကနေ ချက်ချင်း ပေးပို့နိုင်လိမ့်မယ်။

မြန်မာနိုင်ငံမှာ ဘဏ်ဝန်ဆောင်မှုကို အသုံးမပြုနိုင်သေး တဲ့ လူဦးရေ ၄၉ သန်းလောက် ရှိတယ်လို့ သိရတယ်။ ဒီအရေအ တွက်ထဲကနေပြီးတော့ လူဦးရေ ဘယ်လောက်လောက်များ Mobile Money ကို အသုံးပြုလာ မယ်လို့ ခန့်မှန်းထားလဲ။

မြန်မာနိုင်ငံမှာ ပိုက်ဆံကို လွှဲနေရတဲ့ ဘယ်သူမဆို Mobile Money ကို သုံးဖို့လိုလာပါမယ်။ ဥပမာ - အာလူးရောင်းတဲ့လူက ဝယ်လိုက်တဲ့ ကုန်စည်တွေ အ တွက် ငွေချေဖို့လိုတယ်။ အဲ့ဒီလိုပဲ နယ်ကနေတက်လာတဲ့ လုပ်သား တွေကလည်း သူတို့ရဲ့လခကိုလ တိုင်းလတိုင်း ပြန်ပြီးတော့ လွှဲနေတာတွေ ရှိတယ်။ အဲဒီလိုငွေ လွှဲစရာရှိနေတဲ့ လူတိုင်း လူတိုင်း Mobile Money ကို လိုလာ မှာပါ ပဲ။

Wave Money အနေနဲ့ ငွေကြေးနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုကို ပေးတယ်။ ဒီနေရာမှာ ဘယ်လောက်ထိများ အသုံးပြုသူတွေ ကို အာမခံချက်ပေးနိုင်မလဲ။ ဥပမာ- အမှားအယွင်းရှိခဲ့ရင် ငွေကြေး တွေကို ပြန်လျော်ပေးတာ မျိုး ပေါ့။

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု စနစ်က အရမ်းကို လုံခြုံစိတ်ချ ရတယ်။ ဘဏ်တစ်ခုမှာရှိတဲ့ လုံခြုံရေးစနစ်လိုပဲ အရမ်းကို လုံခြုံစိတ်ချရတယ်။ နောက်တစ်ခုက ငွေကြေး လွှဲပြောင်းမှုတွေ၊ ထုတ်ယူမှု တွေ အကုန်လုံးကို မှတ်သားထားတာရှိတယ်။ လုပ်ငန်းစဉ် တိုင်း အတွက် ID ဆိုတာ ရှိ တယ်။ ကျွန်တော်တို့အနေနဲ့ မြန်မြန် ဆန်ဆန်ပဲ နောက်ယောင်ခံ လိုက်လို့ ရတယ်။ Call Center ကို ဆက်သွယ်လိုက်ရင် ချက်ချင်း ဖြေရှင်းပေးလို့ရပါတယ်။ တကယ်လို့ လိမ်တာ၊ လှည့်ဖျားတာ ရှိလာခဲ့ ရင်တောင်မှ ကျွန်တော်တို့ ဆီမှာ ဒါကို သီးသန့်ဖြေရှင်းမယ့် အဖွဲ့ဆိုတာရှိတယ်။ သူတို့က ဒါကို အသေးစိတ် စုံစမ်းစစ်ဆေးပြီး ဒါကိုဖြေရှင်းပေးလို့ ရပါတယ်။

ဝန်ဆောင်ခတွေကို ကြည့်လိုက်တဲ့အခါ Wave ဆိုင်တစ်ခုက နေတစ်ခုကို လွှဲတဲ့အခါ ၁ သောင်းကျပ်ကို ၁ ထောင်ယူတာ တွေ့ရတယ်။ တကယ်လို့ ၅ ထောင် ကျပ်ပဲ လွှဲမယ်ဆိုရင်ကော ၁ ထောင်ကျပ်ပဲ ယူမှာလား။

၁ သောင်းထိကို ၁ ထောင် ကောက်ခံမယ်ဆိုရင် သူ့အနေနဲ့ ၇ ထောင်ပဲလွှဲလွှဲ၊ ၅ ထောင်ပဲလွှဲလွှဲ ၁ ထောင်ပဲ ကောက်ခံမှာပါ။

Wave အကောင့်တစ်ခုက အကောင့်တစ်ခုကို လွှဲတဲ့နေရာမှာ လွှဲတဲ့လူအနေနဲ့ ဝန်ဆောင်ခ တစ်ခါပေးရတယ်။ လက်ခံသူအနေနဲ့ ငွေပြန်ထုတ်ယူတဲ့အခါမှာလည်း ၁ ထောင်ကို ၁၅၀ ကျပ် ထပ် ပေးရတယ်။ အဲ့ဒီအပေါ်မှာ အသုံးပြုသူတွေ ညည်းညူလာမှာ မစိုးရိမ်မိဘူးလား။

ဘယ်အရာနဲ့ယှဉ်ပြီးတော့ ဒီအရာဟာ အသုံးပြုသူအတွက် မကောင်းဘူးလို့ ထင်ရတာလဲ။ အလုပ်လုပ်ပုံ လုပ်နည်းတွေက ကွာလိမ့်မယ်ထင်တယ်။ အဝေးပြေးကားနဲ့ လွှဲမယ် ဆိုရင် အဲ့ဒီ ကားဆီကို သွားရမယ်လေ။ ကားကယူသွားမယ်။ ထုတ်တဲ့လူက သွားထုတ်လိုက်တယ်။ ကျွန်တော်တို့ ဆီမှာက လွှဲတဲ့လူက အနီးအနားမှာ ရှိတဲ့ Wave ဆိုင်ကို သွား လိုက်ရုံပဲ။ ထုတ်တဲ့လူက လည်း အနီးအနားမှာရှိတဲ့ Wave ဆိုင်ကို သွားလိုက်ရုံပဲ။ ဒါပေမဲ့ Wave ဆိုင်နှစ်ဆိုင်စလုံး အလုပ်လုပ်ဖို့အတွက် ကျတော့ သူတို့ ဝန်ဆောင်မှု ပေးလိုစိတ်ရှိဖို့ အတွက် ဖန်တီးထားဖို့ လိုတယ်။ ဒါကြောင့်မို့ ဒီလိုကောက် ခံဖို့ လိုလာတာပါ။

တစ်ရက်ကို ၂ သိန်းကျပ် အထိလွှဲနိုင်တယ်လို့ သိရတယ်။ တစ်ရက်အတွက် အကြိမ်အရေ အတွက် ဘယ်လောက်ထိပဲ လွှဲလို့ရ မယ်၊ လက်ခံလို့ရမယ် ဆိုတာ များသတ်မှတ်ထား သေးလား။

တစ်ရက်ကို ၂ သိန်းတည်း လွှဲလို့ရတယ်။ အကြိမ်အရေ အတွက် မကန့်သတ်ထားဘူး။ လက်ခံတာလည်း အတူတူပဲ ၂ သိန်းထိ လက်ခံလို့ရတယ်။ အကြိမ်အရေ
အတွက် မကန့်သတ်ထားဘူး။ ဒါက ဗဟိုဘဏ်က သတ်မှတ်ထား တဲ့ နည်းဥပဒေပါ။

ဝန်ဆောင်မှုရဲ့ နောက်တစ် ဆင့်မှာ Wave အကောင့်နဲ့ ဘဏ်အကောင့်ကို အပြန်အလှန် ငွေလွှဲနိုင်မယ်လို့လည်း သိရတယ်။ အဲ့ဒီအတွက် အချိန်ဘယ်လောက် လိုဦးမလဲ။

ကျွန်တော်တို့ရဲ့ လက်တွဲ ဖော်က ရိုးမဘဏ်ပါ။ သူတို့နဲ့ ချိတ်ထားတာဖြစ်တဲ့အတွက် မကြာခင်မှာ ရပါတော့မယ်။

ဒီနှစ်အတွင်းလို့ ပြောနိုင်မ လား။

ဟုတ်ပါတယ်။ ဒီနှစ်အတွင်း ပါ။ Wave ဆိုင်တွေက ကိုယ်စား လှယ်တွေဆိုရင် Wave အကောင့်နဲ့ ဘဏ်အကောင့်ကို အလွှဲအ ပြောင်းလုပ်လို့ ရနေပါပြီ။ အများ သုံးဖို့ အတွက် မကြာခင်ဆိုရင် ရတော့မှာပါ။

စမ်းသပ်ကာလမှ Wave ကိုယ် စားလှယ်ပေါင်း ၉၀၀ ရှိတယ်လို့ သိရတယ်။ တစ်နှစ်အတွင်းမှာ ဘယ်လောက်ထိ ရှိလာမယ်လို့ ခန့်မှန်းထားလဲ။

မတ်လအကုန်မှာဆိုရင် ကိုယ်စားလှယ်ပေါင်း ၃ ထောင်ကျော် အထိ ရှိလာမယ်။

တကယ်လို့ ကျွန်တော်က Wave ဆိုင်ဖွင့်ချင်တယ်ဆိုရင် ကြိုတင်ငွေက ဘယ်လောက် ထိ ပေးရမှာလဲ။ အကျိုးအမြတ်ကကော ဘယ်လိုရမှာလဲ။

Wave ဆိုင်ဖြစ်ချင်တယ်ဆို ရင် ဆိုင်က ဘယ်နေရာမှာ ဖွင့်တာလဲ။ ဥပမာ - လူသွားလူလာများတဲ့ နေရာမှာလား။ နည်းတဲ့နေရာ မှာလား။ နောက်တစ်ခုက ဆိုင်က
ဘယ်လောက်ကြီး လဲပေါ်မှာလည်း မူတည်တယ်။ အဲ့ဒါကို ကြည့်ပြီးတော့ ဘယ်လောက် ရင်းနှီးမြှုပ်နှံရမလဲဆိုတာ သတ်မှတ် တာပါ။ အကျိုးအမြတ်ကတော့ အလွှဲအပြောင်း လုပ်ပေးနေတဲ့ ပမာဏအပေါ်မှာ ကော်မရှင်ရတာ ပေါ့။ မကြာခင်မှာ တယ်လီနောရဲ့ ကိုယ်စားလှယ်တွေ ရနေတဲ့ကော် မရှင်အတိုင်း ရလာပါလိမ့်မယ်။ အရင်းအနှီးက အများအားဖြင့် ၂ သိန်းလောက်ပဲရင်းရတာ များတယ်။ ကျန်တာကတော့ ပြောလို့ မရသေးဘူး။

Wave Money ဝန်ဆောင်မှုထဲ မှာ တစ်နှစ်တစ်နှစ်ကို ငွေကြေးပမာဏ ဘယ်လောက်များ လည်ပတ်နေမယ်လို့ ခန့်မှန်းထားလဲ။

အခုပြောဖို့ စောနေသေးတယ်။ တကယ်မိတ်ဆက်ပြီးတဲ့ အခါ ကျတော့မှ သိရမှာပဲ။ အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ပမာဏ များလာဖို့ ၃ နှစ်လောက်တော့ စောင့်ရ လိမ့်မယ်။

အခုဆိုရင် Telenor က Wave Money ဆိုတာကို တည်ဆောက် တယ်ပေါ့နော်။ ဒီလိုပဲ အခြားသော ဆက်သွယ်ရေး အော်ပရေ တာတွေကလည်း Mobile Money ဝန်ဆောင်မှုကို လုပ်ကိုင်နေကြ တာပါပဲ။ သိလိုတဲ့ မေးခွန်းက Wave Money ရဲ့ Mobile Money ဝန်ဆောင်မှုဟာ အခြားသော အော်ပရေတာတွေရဲ့ Mobile Money ဝန်ဆောင်မှုနဲ့ ချိတ်ဆက် နိုင်ဖို့ဆိုတာ ဖြစ်လာနိုင်မှာလား။

ဒါနဲ့ပတ်သက်ရင် ပွင့်လင်းပါ တယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်အော်ပရေတာနဲ့ပဲဖြစ်ဖြစ် ပေါင်းပြီးလုပ်လို့ရတယ်။ အော်ပရေ တာတွေအနေနဲ့ တကယ်ပဲ လုပ်ချင်တယ် ဆိုရင်တော့ အချင်းချင်း ချိတ်ဆက်ပြီး လုပ်လို့ရပါတယ်။ Wave Money အနေနဲ့ ကြည့်မယ် ဆိုရင်တော့ ဒီကိစ္စကို စိတ်ဝင်စားတယ်။ အခြား ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ ချိတ်ဆက်ပြီး အတူရင်းနှီးမြှုပ်နှံဖို့ကို စိတ်ဝင်စားတာပေါ့။

နောက်ဆုံး မေးခွန်းတစ်ခုအ နေနဲ့ Wave Money ရဲ့ စမ်းသပ်ကာလ သုံးလအတွင်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံ တစ်ခုခုကို ပြောပြနိုင် မလား။

အသုံးပြုသူတွေက တကယ်ကိုပဲ ဒါကိုအသုံးပြုပြီး ပိုက်ဆံလွှဲချင်နေကြတာ တွေ့ရတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံက လူတွေဟာ စမတ်ဖုန်းကို အသုံးပြုပြီး အင်တာနက်က တစ်ဆင့် အရမ်းကိုပဲ စမ်းသပ်မှုတွေ လုပ်ချင်နေကြတယ်။ ပြီးတော့ မြန်မာလူမျိုးတွေဟာ ပေးလိုက်ရတာနဲ့ ပြန်ရလိုက်တာကို ယှဉ်ပြီးတော့ ကြည့်နိုင်ကြတယ်။ ထပ်ပြီးတော့ လေ့လာမိတာက မြန်မာလူမျိုးတွေဟာ စိတ်ရှည်တတ်ကြတယ်။

ကျေးဇူးတင်ပါတယ်။