Home » 

whaling

By: 

နောင်နောင်

Whaling ဆိုသည်မှာ C-level အမှုဆောင်အရာရှိများ၊ နိုင်ငံရေးသမားများနှင့် နာမည်ကျော်ကြားသူများ ကဲ့သို့သော နာမည်ကျော် end user များထံ ပစ်မှတ်ထားသည့် လိမ်လည်မှု အမျိုးအစားတစ်ခု ဖြစ်သည်။

Whaling ၏ ရည်ရွယ်ချက်သည် social engineering, email spoofing နှင့် content spoofing မှတစ်ဆင့် ပုဂ္ဂိုလ်ရေး သို့မဟုတ် လုပ်ငန်းအချက်အလက်များကို ရယူရန် တစ်စုံတစ်ဦးအား လှည့်ခြားဖြင်း ဖြစ်သည်။ တိုက်ခိုက်သူသည် ယုံကြည်ရသော ရင်းမြစ်တစ်ခု သို့မဟုတ် ပစ်မှတ်ကို တိုက်ခိုက်ရန်အတွက် ဖန်တီးထားသော ဝက်ဘ်ဆိုက်တစ်ခုထံ သွေးဆောင်သည့် email တစ်ခုကို ၎င်း၏ ပစ်မှတ်ထံ ပေးပို့ခြင်းဖြင့် တိုက်ခိုက်နိုင်သည်။

Whaling တိုက်ခိုက်မှုများသည် သာမန် phishing တိုက်ခိုက်မှုများထက် ရှာဖွေရန် ခက်ခဲသည်။ လုပ်ငန်းများတွင် security administrator များအနေဖြင့် ဝန်ထမ်းများထံ အချက်အလက်လုံခြုံမှုအတွက် သတိရှိစေရန် သင်တန်းများပေးခြင်းဖြင့် whaling တိုက်ခိုက်မှု ဖြစ်ပွားနိုင်သည့် အန္တရာယ်များကို ကာကွယ်ရန် အထောက်အကူ ဖြစ်စေနိုင်သည်။