Home » 

WPA2 - Wi-Fi Protected Access 2

By: 

နောင်နောင်

Wi-Fi Protected Access 2 ကို အတိုကောက်ခေါ်ဆိုသည့် WPA2 သည် ပိုမိုစိတ်ချရသည့် အချက်အလက် ကာကွယ်ခြင်းနှင့် ကွန်ရက်ထိန်းချုပ်အသုံးပြုခြင်းတို့ကို ထောက်ပံ့ပေးသော လုံခြုံရေးနည်းလမ်းဖြစ်သည်။ ၎င်းသည် အခွင့်ရှိသော သုံးစွဲသူများကသာ ကြိုးမဲ့ကွန်ရက်ကို အသုံးပြုနိုင်စေသည်။

WPA2 တွင် WPA2-Personal နှင့် WPA2-Enterprise ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ WPA2-Personal သည် password တစ်ခု ဖန်တီးကာ ကွန်ရက်အသုံးပြုခြင်းကို တားဆီးနိုင်သည်။ WPA2-Enterprise ကမူ ဆာဗာတစ်ခုမှ တစ်ဆင့် ကွန်ရက်သုံးစွဲသူများကို အတည်ပြုစစ်ဆေးနိုင်သည်။